Acidity in Wine

home / wine knowledge / Acidity in Wine

(English Version Below)
ဝိုင်ချစ်သူတို့ရေ
ဝိုင်ထဲမှာ ပါဝင်တဲ့ Acidity လို့ခေါ်တဲ့ အချဉ်ဓာတ်ဟာ ဘယ်လို Taste မျိုးလဲဆိုတာကို ဒီနေ့ ဝိုင်ချစ်သူတို့အတွက် ရှင်းပြပေးလိုက်ပါတယ်။
Acidity ဆိုတာ ဝိုင်ထဲမှာပါဝင်တဲ့ အက်စစ်ဓာတ်လေးတွေကနေ ရရှိလာတဲ့ လန်းဆန်းတဲ့အရသာပါ။ ဝိုင်ထဲမှာ များသောအားဖြင့် tartaric acid, malic acid နဲ့ citric acid တို့ကို တွေ့ရပါတယ်။ ဒါကလည်း ဝိုင်စပျစ် စိုက်ပျိုးထဲ ဒေသပေါ်မူတည်ပြီးတော့ အနည်းငယ်ကွဲပြားနိုင်ပါတယ်။
ဝိုင်စပျစ်သီးမမှည့်ခင်အချိန်၊ အစိမ်းရောင် ဖြစ်နေတဲ့အချိန်ဟာ Acidity ဓာတ်အမြင့်မားဆုံးအချိန်ဖြစ်ပါတယ်။ ဝိုင်စပျစ်သီးမှည့်သွားတဲ့အချိန်မှာတော့ Acidity ဓာတ်ဟာ လျော့ကျသွားပါတယ်။ ဝိုင်စပျစ်သီးမှည့်တဲ့အချိန်ဟာ စပျစ်သီးရဲ့ အချိုဓာတ်နဲ့ အချဉ်ဓာတ် ပြီးပြည်စုံတဲ့အချိန်ကာလ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဝိုင်စပျစ်သီးကို ရိတ်သိမ်းပြီး ဝိုင်ပြုလုပ်ရတာပါ။ ဒါက ဝိုင်ကောင်းတစ်ပုလင်းဖြစ်ဖို့အတွက် အရေးကြီးဆုံး အဆင့် တစ်ဆင့်ပါ။
Acidity မြင့်တဲ့ ဝိုင်ဆိုရင် ဝိုင်သောက်တဲ့အခါမှာ ခံတွင်းထဲမှာ ခဏလောက်ငုံထားပြီး မြိုချပြီးတာနဲ့ သိသိသာသာ အချဉ်ဓာတ်ကို ခံစားသိမြင်ရမှာပါ။ ဥပမာ – Riesling လို ဝိုင်အမျိုးအစားတွေပါ။ ဒီလို Acidity မြင့်တဲ့ ဝိုင်တွေအတွက်တော့ French Fries လို အစားအသောက်တွေနဲ့ တွဲဖက်သုံးဆောင်လို့ လိုက်ပါတယ်။
ခုဆိုရင် ဝိုင်ထဲမှာပါတဲ့ အချဉ်ဓာတ်နဲ့ပတ်သက်လို့ သိကောင်းစရာကို ဝေမျှပေးခဲ့တာပါ။ ဝိုင်ချစ်သူတို့အနေနဲ့ အခြားသိချင်တဲ့ အကြောင်းအရာတွေရှိရင်လည်း အောက်က comment box မှာ မေးမြန်းထားနိုင်ပါတယ်။

Today, Cellar Door Distribution would like to share what is the acidity taste in wine. Acidity gives a wine its tart and sour taste. There are several types of acids found in wine, which will affect how acidic a wine tastes. The most prevalent acids found in wine are tartaric acid, malic acid, and citric acid.
When you taste the wine and try to know how acidity is works. Sit for a minute and imagine yourself tasting lemonade and pay attention to how your mouth puckers just from thinking about it. After tasting several wines, you’ll create a mental benchmark of where the acidity hits your palate and you’ll also begin to notice that some wines (such as Riesling) tend to have higher acidity than others.
Acidity is a perfect example of one of the fundamental taste traits that are affected by different climates. When wine grapes are still green, they have very high acidity. As they ripen, the acidity tapers down, and the sweetness increases. The perfect moment, of course, is when the grape is perfectly sweet, ripe, and still possessing enough acidity to make great wine.
So those are the some tips about acidity taste in wines. If you have any questions about wines, just leave a comment box, and we will get back to you soon.

CONTACT US NOW!

Translate »