Differences between Red Wine and White Wine

home / wine knowledge / Differences between Red Wine and White Wine

(English Version Below)
ဝိုင်ချစ်သူတို့ရေ
ဝိုင်ချစ်သူတို့ တောင်းဆိုထားတဲ့ White Wine နဲ့ Red Wine ရဲ့ ကွာခြားချက်ကို ဒီနေ့ Cellar Door Distribution ကနေ ဝေမျှပေးလိုက်ပါပြီ။
ဝိုင်နီ နဲ့ ဝိုင်ဖြူမှာ အဓိက ကွာခြားတာကတော့ ဝိုင်စပျစ်သီးအရောင်ပါ။ ဝိုင်စပျစ်တွေကို ဝိုင်နီပြုလုပ်ဖို့အတွက် အချဉ်ဖောက်တဲ့အခါမှာ ဝိုင်စပျစ်သီးရဲ့ အခွံ၊ အစေ့ တွေပါ ရောပြီး ဝိုင်ရဲ့အရောင်ရစေဖို့ Fermentation Process ကိုပြုလုပ်ပါတယ်။
ဝိုင်ဖြူအတွက်တော့ လိုအပ်သလောက်ပဲထားပြီး ကျန်တဲ့ ဝိုင်စပျစ်သီး အခွံနဲ့ အစေ့တွေကို ဖယ်ထုတ်ရပါတယ်။ ပြောရမယ်ဆိုရင် ဝိုင်နီမှာက ဝိုင်စပျစ်သီး အခွံ၊ အစေ့ ပိုပါဝင်တဲ့အတွက် Tannin ဓာတ်နဲ့ အခြား resveratrol လို့ခေါ်တဲ့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ ဓာတ်တွေကို ပိုရစေတာပါ။ ဒါကြောင့် ဝိုင်နီဟာ ကျန်းမာရေးအတွက် သောက်သုံးပေးသင့်တယ်လို့ ဆေးပညာရှင်တွေက အကြံပြုထားရခြင်းဖြစ်ပါတယ်။ ဝိုင်ဖြူမှာလည်း လိုအပ်တဲ့ healthy plant compounds ဓာတ်တွေကို ရနိုင်ပါတယ်။ ဒါပေမဲ့ ဝိုင်နီက ပိုများပါတယ်။
ဝိုင်ပြုလုပ်ဖို့အတွက် အသုံးပြုတဲ့ ဝိုင်စပျစ်အမျိုးအစားတွေကတော့ အများကြီးရှိပါတယ်။ (ဥပမာ – Pinot Gris, Syrah, Cabernet Sauvignon). Red Wine ကို red Grape ကနေ ပြုလုပ်ပေမဲ့ White Wine အတွက်ပါ Red Grape ကို အသုံးပြုတာမျိုးရှိပါတယ်။ ဥပမာ – French Champagne အတွက်ဆိုရင် red Pinot Noir ဝိုင်စပျစ်ကို အသုံးပြုထားပါတယ်။
ဝိုင်ချစ်သူတို့ အားလုံးသိပြီးကြတဲ့အတိုင်း ဝိုင်ထုတ်လုပ်တဲ့နိုင်ငံတွေအများကြီး ရှိပါတယ်။ တကယ့် အရည်အသွေးအကောင်းဆုံးနဲ့ နာမည်ကျော် ဝိုင်ပုလင်းတွေ ထွက်ရှိတဲ့ နိုင်ငံတွေကတော့ France, Italy, Spain, Chile, South Africa, Australia နဲ့ California နိုင်ငံတွေပါ။
အတိုချုံးပြောရမယ်ဆိုရင် Red Wine ထုပ်လုပ်တဲ့အခါမှာ ဝိုင်ရဲ့အရောင်ကို ရဖို့အတွက် ဝိုင်စပျစ်သီးရဲ့ အခွံကိုရောပြီး Fermentation လုပ်ပါတယ်။ White Wine အတွက်တော့ ဝိုင်စပျစ်သီး အခွံကို ဖယ်ထုတ်ရပါတယ်။
ဒါက ဝိုင်နီနဲ့ ဝိုင်ဖြူ ရဲ့ကွာခြားချက်ကို ပြောပြပေးလိုက်တာပါ။ အခြား သိချင်တဲ့ အကြောင်းအရာတွေ ရှိရင်လည်း အောက်က comment box မှာ မေးထားနိုင်ပါတယ်။

Cellar Door Distribution’d like to share the difference between Red and White Wine as per our audience’s requisition.
The main difference between white and red wine has to do with the color of the grapes used. It also has to do with whether the grape juice is fermented with or without the grape skin.
To make white wine, grapes are pressed and skins, seeds and stems are removed before fermentation.
However, to make red wine, the crushed red grapes are transferred to vats directly and they ferment with the skin, seeds and stems. The grape skins lend the wine its pigment, as well as many of the distinctive health compounds found in red wine.
As a result of steeping with the grape skins, red wine is particularly rich in plant compounds that are present in those skins, such as tannins and resveratrol. White wine also has some of these healthy plant compounds, but generally in much lower amounts.
Many different grape varietals are used to produce wine, including Pinot Gris, Syrah and Cabernet Sauvignon. While red varietals are used to make red wine, white wine can actually be made from red or white grapes. For instance, traditional French champagne is made with the red Pinot Noir grape.
Many countries produce wine. Some of the main wine-growing regions are in France, Italy, Spain, Chile, South Africa, Australia and California in the US.
SUMMARY: Red wine grapes are fermented with the skin on, which gives the wine its color and provides beneficial plant compounds. Grapes for white wine, on the other hand, have their skins removed.
If you have more questions, just leave your question in the comment box. We will get back to you very soon.

CONTACT US NOW!

Translate »