Torres Mas La Plana Red Wine

home / wine knowledge / Torres Mas La Plana Red Wine

(English Version Below)
ဝိုင်ချစ်သူတို့ရေ
ဒီနေ့မှာတော့ ကမ္ဘာ့ နာမည်ကျော် Torres Mas La Plana ဝိုင်နီအကြောင်းကို ပြောပြပေးမှာပါ။ ပထမဆုံး ဒီဝိုင်ရဲ့ အစ သမိုင်းကြောင်းကို အနည်းငယ် ကောက်နှုတ်ပြောပြချင်ပါတယ်။
1,870 ခုနှစ်မှာ Torres မိသားစုဟာ winery company ကို Vilafranca del Penedès အမည်ရှိတဲ့ ရထားဘူတာရုံရဲ့ရှေ့မှာ စတင်တည်ထောင်ခဲ့တာပါ။ သူတို့မိသားစုက 1, 678 ခုနှစ်တည်းက မိသားစုစဉ်ဆက် ဝိုင်စပျစ်ခင်းတွေကို စိုက်ပျိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဝိုင်စိုက်ခင်းဟာဆိုရင် 2011 ခုနှစ်မှစပြီး ကမ္ဘာ့အသိအမှတ်ပြု Vintage Awards ဆုများစွာကို ရရှိခဲ့ပါတယ်။
Old World Wine အမျိုးအစားဖြစ်တဲ့ စပိန်နိုင်ငံထုတ် Torres Mas La Plana ဝိုင်နီကို Cabernet Sauvignon ဝိုင်စပျစ်အသုံးပြု ထုတ်လုပ်ထားပါတယ်။ Alcohol Percentage 14.5 % ပါဝင်တာကြောင့် လေးနက်ကောင်းမွန်တဲ့ ဝိုင်ရဲ့အရသာစစ်စစ်ကို ခံစားရမှာပါ။ ဒီဝိုင်နီဟာ အကောင်းစား ဝိုင်နီ နှစ်ချိုက်သူတို့အတွက် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ ဝိုင်အမျိုးအစားပါ။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ Tannin နဲ့ Acidity ဓာတ်တို့ရဲ့ လေးနက်မှုက ဝိုင်ချစ်သူတို့အကြိုက်တွေ့စေမှာပါ။
ဒါဆို Torres Mas La Plana ဝိုင်နီကို မြည်းစမ်းတဲ့အခါ ဘယ်လို အနံ့၊ အရသာ ရနိုင်မလဲ ဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။ 👇 👇 👇
✅ သူ့ကို မြည်းစမ်းကြည့်မယ်ဆိုရင် သင်းပျံ့မွှေးကြိုင်တဲ့ ဝက်သစ်ချစည်အနံ့၊ ထင်ရှူးပင်ရဲ့ အနံ့လေးတွေအပြင်၊ tobacco လို့ခေါ်တဲ့ ဆေးရွက်ရဲ့ အနံ့ကို ရနိုင်ပါတယ်။
✅ အရသာအားဖြင့် ချယ်ရီသီး၊ blueberry ယို၊ ပေါင်မုန့်မီးကင်၊ ချောကလက်၊ ကော်ဖီ၊ vanilla စသဖြင့် အနံ့၊ အရသာ တို့ကို ခံစားရနိုင်ပါတယ်။
✅ Torres Mas La Plana ဝိုင်နီကို အပူချိန် 17–18°C အတွင်းမှာသာထားပြီး သုံးဆောင်မယ်ဆိုရင် အရသာထူးကဲကောင်းမွန်စွာ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
✅ ဝိုင်ပညာရှင်တွေရဲ့ အဆိုအရ ဒီဝိုင်ကို အမဲသား၊ သိုးသား၊ ဝက်သား စတဲ့ ဟင်းလျာတွေနဲ့ တွဲဖက်မြည်းစမ်းလို့ လိုက်ဖက်တယ်လို့ ဆိုထားပါတယ်။

Today, We’d like to share about Torres Mas La Plana red wine which is famous wine in the world.
In 1,870, Torres family founded the company and built the winery in front of the Vilafranca del Penedès railway station. They come from a family of winegrowers whose origins date back to 1678. Their winery has won a lot of vintage awards since 2011.
Old World wine type, Torres Mas La Plana red wine produced in Spain. The grapes they used for Torres Mas La Plana red wine is Cabernet Sauvignon. And this wine has 14.5% Alcohol. This wine’s noble and healthy tannins will complement the best meat and game dishes. Must try as a red wine lovers and you will like this.
So let’s have a look here what does it taste look like 👇 👇 👇
✅ when you tasting this wine, you will get oak, tobacco, cedar, chocolate, coffee and vanilla aroma.
✅ Sometimes you will get Toast, blueberry jam and Cherry aroma.
✅The best Serving temperature is 17–18°C.
✅ Our wine experts think this Spanish Cabernet Sauvignon wine would be a match made in heaven with these dishes, Beef, Lamb and Poultry.

CONTACT US NOW!

Translate »